Friday, October 12, 2012
PC ကနေ ဖုန်းအလကားခေါ်လို့ တကယ်ရတဲ့ Blue Stacks Android application player
Blue Stacks Android application player လေး နော်
ဒီ player လေးက Android application တွေ ထည့်သုံးလို့ရပါတယ် viber
ပါသုံးလို့ရပါတယ်.အရင် ကျွန်တော် တင်ပေးတဲ့ ဆော့ဝဲလ် နှစ်ခု က လုပ်ရတာ
လက်ဝင်သလို အယ်ရာလဲ ရှိပါတယ် သိပ်အဆင်မပြေပါဘူး အခု ဒီကောင်လေးကတော့
အဆင်ပြေပါတယ် တစ်နေ့က ကျွန်တော်ရယ် ကိုယ်ညီနေမင်းရယ် ကိုဇော်မင်းထွန်းရယ်
ဒီဆော့ဝဲလ်ကို ကလိတာ မိုးလင်း 5 နာရီထိုးသွားပါတယ် ဆော့ဝဲထဲကို Android
application လေးတွေ ထည့်စမ်းတယ် viber software ထည့်သုံးတဲ့ အခါမှာတော့
ဘာဖြစ်လဲဆိုရင် ဖုန်းခေါ်လို့ ရတယ် အဆင်ပြေတယ်ပေါ့ ဗျာ မြန်မာစာထည့်တဲ့ အခါ
ဝင်ပြီး ဇော်ဂျီဖောင့်ကို မပြနိုင်သေးပါဘူး ဒါက ကျွန်တော်တို့ အနေနဲ့
နည်းပညာပိုင်းဆိုင်ရာ အားနည်းနေလို့ အခုလိုဖြစ်တယ်လို့ပဲ ယူဆပါတယ် ဒါပေမယ့်
သိပ်မကြာခင်အတောအတွင်းမှာတော့ ဖြေရှင်းနိုင်မယ်လို့လဲ ယုံကြည်မိပြန်တယ်.
အခု pc မှာ ထည့်သုံးဖို့ android app player က မြန်မာလိုရိုက်မရသေးပေမယ့်
အခြားဘာသာစကားနဲ့တော့ မက်ဆေ့ ပို့ဖို့ အဆင်ပြေနေပါတယ် ဒါပေမယ့် အဓိက
ကျွန်တော်တို့လိုအပ်တာက ဖုန်း အလကားပြောရဖို့ ပဲလေ မက်ဆေ့ပိုတာထက်
အသံလေးနဲ့ ပြောနိုင်နေတာကိုကပဲ တော်တော်အဆင်ပြေနေပါပြီ
အခုတင်ပေးလိုက်တာလေးက မူရင်းဆိုဒ်မှာ နှစ်မျိုးဝန်ဆောင်မှုပေးပါတယ် MAC
& Window ပေါ့လေ ဒါပေမယ့် ၀င်းဒိုးမှာ အဆင်ပြေတယ်ဗျ ကို ဇော်မင်းထွန်း
MAC လေးမှာ စမ်းကြည့်လိုက်တာ အယ်ရာရှိနေသေးတယ် ဒါကြောင့် မက်အတွက်
မတင်ပေးလိုက်သေးပါဘူး အခုတင်ပေးလိုက်တဲ့ဟာလေးက ၀င်းဒိုးအတွက်ပါ
အင်စတော်လေးတင်ပေးလိုက်ပါတယ် ဒီအင်စတော်လာလေးကို စက်မှာ ထည့်လိုက်ရင်
သူလိုအပ်တာလေးကို ထပ်ဒေါင်းရပါမယ် သူ့ဟာသူဒေါင်းတာပါ MB 100 ကျော်ရှိပါတယ်
ဖုန်းအလားကားပြောဖို့ အဆင်ပြေတာကိုပဲ အားလုံးက နှစ်သိပ့်
ကျေနပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး တင်ပေးလိုက်တာပါ တကယ် ရတာပါနော်
ရမရဆို ပြောရဦးမယ် ရီစရာလေးပေါ့ ဒီဆော့ဝဲလ်ထည့်ပြီး Viber ကနေ
ဖုန်းကိုခေါ်စမ်းတာ စကားပြောနေရင်းပေါ့ တစ်ဖက်လူက ကိုညီကို လှမ်းမေးလိုက်တယ်
ခု ဘယ်ကဆက်နေတာလဲ လို့လေ ဒါကို ကိုညီက က ကြီးက နေဆက်နေတာလို့ ပြောလိုက်တယ်
ဟိုဘက်ကလဲ သိသလိုလိုနဲ့ အင်းတဲ့ နောက်မင်းကရော ဘယ်ကဆက်တာလဲလို့မေးတော့ သူက
မလေးရှားမှာပါတဲ့ ဒါနဲ့ ကိုညီက ပြန်မေးတယ် က ကြီးဆိုတာ ဘယ်နေရာလဲ သိလားတဲ့
ဟိုဘက်က ခဏငြိမ်သွားပြီး ကမ်ဗောဒီးယား မဟုတ်လားဆိုပဲ ဟိဟိ ကနေဒါတို့
ကိုးရီးယား တို့ဆိုတော်သေး ဟိဟိ နေရင်းထိုင်ရင်း ကိုညီနေမင်း
ကမ်ဘောဒီးယားရောက်သွားတာ ထိုင်ရီနေရတယ် ဟိဟိ ဒါက တကယ်ရပါတယ်ဆိုတာ ကို
သက်သေပြတာပါဗျာ ဘယ်ရယ်တော့မဟုတ်ပါဘူး ပျော်ပါစေပေါ့ဗျာ ကဲ အောက်မှာ
ဒေါင်းလိုက်ပါခင်ဗျ
Labels:
Software
Subscribe to:
Post Comments (Atom)

No comments:
Post a Comment